ကဘူးလ်မြို့ နေရာအနှံ့အပြား ဒုံးကျည်များဖြင့် ပစ်ခတ်ခံရ

A rocket is launched in Kabul, Afghanistan, December 12, 2020 in this screen grab obtained from a social media video. Samiulla Hameed/via REUTERS
အာဖဂန်မြို့တော် ကဘူးလ်ရဲ့ နေရာအနှံ့အပြားမှာ ဒီဇင်ဘာ ၁၂ ရက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရပြီး လူ ၁ ဦးထက်မနည်း သေဆုံးပါတယ်။ ရိုက်တာက ရရှိတဲ့ ဗွီဒီယိုထဲမှာ လာဘီဂျာလမ်းဆုံကနေ ဒုံးကျည် ၈ စင်းထက်မနည်း ပစ်လွှတ်ခဲ့တာကို တွေ့ရပါတယ်။  ဒီပစ်ခတ်မှုကြောင့် လေဆိပ်အနီးဝန်းကျင် နေရာတွေ အပါအဝင် ကဘူးလ်မြို့ရဲ့ နေရာ အတော်များများကို ဒုံးကျည်ထိမှန်ခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။  အခုတိုက်ခိုက်မှုကို ဘယ်သူလုပ်သလဲ ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ နိုဝင်ဘာလ နှောင်းပိုင်းကလည်း ကဘူးလ်မြို့  လူနေရပ်ကွက်တွေနဲ့  အီရန်သံရုံးအနီးကို  ဒုံးကျည်အများအပြား ကျရောက်ခဲ့ပြီး ၈ ယောက် သေဆုံးကာ ၃၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up