Homeမြန်မာသတင်း
ရှမ်းပြည်နယ်ဝင်မည့် ယာဥ်ကြီးသမားများ၏ ကျန်းမာရေးထောက်ခံချက် သက်တမ်းပိုတိုးပေးရန် တောင်းဆို
ရှမ်းပြည်နယ်ဝင်မည့် ယာဥ်ကြီးသမားများ၏ ကျန်းမာရေးထောက်ခံချက် သက်တမ်းပိုတိုးပေးရန် တောင်းဆို
DVB
·
December 12, 2020
ရှမ်းပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်မယ့် ကားကြီး ယာဥ်မောင်း၊ နောက်လိုက်တွေရဲ့ သုံးရက်တခါ ကျန်းမာရေးထောက်ခံချက် သက်တမ်းကို ပိုမိုတိုးမြှင့်ပေးဖို့ ကွီးမျိုးကုန်သည်ပို့ဆောင်ရေးအဖွဲ့ ဂိတ်မှူး ကိုမျိုးဇော်ဝင်းက တောင်းဆိုလိုက်ပါတယ်။
ကားကြီး ယာဉ်မောင်းယာဉ်နောက်လိုက်တွေကို ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်းမှာ ကိုဗစ်-၁၉ ရှိ၊ မရှိ နေ့စဉ်စစ်ဆေးပေးနေတာပါ။
သီးနှံရာသီပေါ်ချိန်ဖြစ်တဲ့အတွက် အချိန်မီအောင် မောင်းနှင်ကြတဲ့အခါမှာ ကျန်းမာရေးထောက်ခံစာရဲ့ သုံးရက်သက်တမ်းကုန်မှာ စိုးရိမ်နေကြရသလို အနားယူချိန် အပြည့်အဝမရဘဲ စိတ်ဖိစီးမှုနဲ့ မောင်းနှင်ရတဲ့အတွက် မတော်တဆဖြစ်စဉ်တွေ ဒီရက်ပိုင်း ဖြစ်ပွားတာတွေ ဒီရက်ပိုင်း ပိုများလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရံဖန်ရံခါ စစ်ဆေးရေးဂိတ်မှာ ကြန့်ကြာသွားတတ်သလို ရက်လွန်ပါက ပြန်လှည့်ခိုင်းတတ်တာကြောင့် စစ်ဆေးမှုမြန်ဆန်တဲ့ သံကွဲဂိတ်မှာ သွားစုပုံနေတယ်လို့ ကိုမျိုးဇော်ဝင်းက ပြောပါတယ်။
အခုလို တောင်းဆိုတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအတွင်းရေးမှူးက “၇၂ နာရီ သတ်မှတ်ချက်က အခြေအနေအရ သတ်မှတ်ရတာဖြစ်ပြီး test kid နဲ့ စစ်ရတာ ပိုးမတွေ့ဘူးဆိုတဲ့အဖြေတောင် တကယ်တမ်းက ဒါသိပ်မသေချာပါဘူး။ အပြောင်းအလဲ လုပ်ဖို့ကတော့ လက်ရှိမှာ ကူးစက်မှုနှုန်းက မကျသေးလို့ မဖြစ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၁ နေ့ထိ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရှမ်းပြည်နယ်ဝင်မယ့် ကားကြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ပေါင်း ၁၈၀၀၀ လောက်ကို ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - Ko Nay/သန္တိသုခ/ပြင်ဦးလွင်ပြည်သူ့ကျန်းမာ