တရုတ်အစိုးရကို ဝေဖန်သူ ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် တရားရင်ဆိုင်

Media mogul Jimmy Lai Chee-ying, founder of Apple Daily arrives at West Kowloon Courts to face charges related to an illegal vigil assembly commemorating the 1989 Tiananmen Square crackdown, in Hong Kong, China October 15, 2020. REUTERS/Tyrone Siu
359
တရုတ်အစိုးရကို ဝေဖန်သူ အသက် ၇၃ နှစ်အရွယ် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ဟာ အမျိုးသားလုံခြုံရေးဥပဒေ စွဲချက်နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ ကောင်းလုံတရားရုံးကို ရောက်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ ခွဲထွက်မှု၊ ဖျက်လိုဖျက်ဆီးမှု၊ အကြမ်းဖက်မှု နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတွေဟာ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။
ဒီဥပဒေဟာ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အစိုးရဆန့်ကျင်သူတွေကို ဖြိုခွင်းတဲ့ လက်နက်တစ်ခုအဖြစ် အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။
ဟောင်ကောင်နဲ့ တရုတ်အစိုးရ အာဏာပိုင်တွေကတော့ လချီကြာ ဆန္ဒပြပွဲတွေကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အမျိုးသားလုံခြုံရေးဟာကွက်တွေကို ဖြည့်ဆည်းဖို့ အရေးကြီးတယ်လို့ ဆိုကြပါတယ်။