လူမျိုးရေးခွဲခြားခံခဲ့ရမှုတွင် မိမိဘက်က ဝန်းရံသူများကို ကျေးဇူးတင်ဟု နည်းပြ ဝီဘိုပြော

203
ပီအက်စ်ဂျီနဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရမှုနဲ့ ပတ်သက်လို့ မိမိတို့ဘက်ကနေ ဝန်းရံအားပေးခဲ့ကြသူတွေကို ကျေးဇူး တင်တယ်လို့ ဘာဆက်ဆီဟာ နည်းပြ ဝီဘိုက ပြောပါတယ်။
တူရကီကလပ် အစ္စတန်ဘူလ်ဘာဆက်ဆီအသင်းရဲ့ နည်းပြအဖွဲ့ဝင် ကင်းမရွန်း နည်းပြ ဝီဘိုဟာ ဒီဇင်ဘာ ၈ ရက်က ပီအက်စ်ဂျီနဲ့ပွဲစဉ် ၁၅ မိနစ်လောက်မှာ ဒိုင်လူကြီးနဲ့ ပြဿနာ ဖြစ်ခဲ့တာပါ။
ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးကို နည်းပြဝီဘိုက ဝေဖန်ရာမှာ ကွင်းဘေးက စတုတ္ထဒိုင်နဲ့ စကားအချေအတင်ဖြစ်ခဲ့တာပါ။
ဝီဘို ကို ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့ပေမဲ့ စတုတ္ထဒိုင်လူကြီးက နီဂရိုးဆိုတဲ့ စကားသုံးပြီး လူမျိုးရေးခွဲခြားပြီး အော်ဟစ်ခဲ့တာပါ။
ဒါကြောင့် နှစ်ဖက်အသင်းက ကစားသမားတွေအားလုံးဟာ ကွင်းထဲကနေ ထွက်သွား ခဲ့ကြပြီး ပွဲစဉ်ကိုလည်း ရပ်နားခဲ့ရတာပါ။ နောက်တစ်ရက်မှ ပြန်လည်ကစားခဲ့ပြီး ပီအက်စ်ဂျီက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ဖြစ်စဉ်မှာ မိမိဘက်ကနေ ထောက်ခံအားပေးခဲ့ကြသူတွေနဲ့ အသင်းဥက္ကဋ္ဌအပါအဝင် တူရကီသမ္မတ အာဒိုဂန်ကိုလည်း ကျေးဇူးတင်ကြောင်း နည်းပြ ဝီဘိုက ပြောပါတယ်။
ယူအီးအက်ဖ်အေက အဲဒီကိစ္စကို စုံစမ်းစစ်ဆေး နေပြီး စတုတ္ထဒိုင်လူကြီးကို ၈ ပွဲ ပယ် ပြစ်ဒဏ်ချမှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။