DVB Logo
Home
မြန်မာသတင်း
တရုတ်ဘဏ်မှ ငွေချေးရန် လွှတ်တော်က မူအားဖြင့် သဘောတူ
DVB
·
August 22, 2013
တရုတ်ဘဏ်မှ ငွေချေးရန် လွှတ်တော်က မူအားဖြင့် သဘောတူ
Donate to DVB

နိုင်ငံတော်က တရုတ်ဘဏ်မှ  ငွေချေးပြီး သမ၀ါယမ၀န်ကြီးဌာနက အသေးစားချေးငွေ ထုတ်ချေးမယ့်ကိစ္စရပ်နဲ့ ပတ်သက်ပြီး လွှတ်တော်က မူအားဖြင့် သဘောတူလိုက်ပါတယ်။

ဒီနေ့ လွှတ်တော်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပို့ကုန်သွင်းကုန်ဘဏ်ကနေ ချေးငွေ အ မေရိကန်ဒေါ်လာသန်း ၁၀၀ ရယူဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေက လွှတ်တော်မှာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီနောက် ကိုယ်စားလှယ် ၈ ဦးလောက်က ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီးတဲ့နောက် လွှတ်တော်က မူအားဖြင့် သဘောတူလိုက်တာလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“မူအားဖြင့် ငွေချေးမှာကို သဘောတူတယ်။ သမ၀ါယမ၀န်ကြီးဌာနက အဲဒီလုပ်ငန်းစဉ်အပေါ်မှာ ပြန်လည်ရှင်းပြဖို့ လိုတယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တာပါ။”

ဆွေးနွေးခဲ့တဲ့ထဲပါတဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “သမ၀ါယမကနေပြီးတော့ အသေးစား ငွေချေးလုပ်ငန်းလုပ်မှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက တရုတ်ပြည်ကနေပြီး ချေးမယ်ပေါ့။ ငွေကလည်း တရုတ်ဘဏ်တခုကနေ ချေးတာပါ။ ချေးမယ့်ငွေကလည်း သန်း ၇၀၀ လောက်ရှိမှာပါ။ သန်း ၇၀၀ မှာ အခု သန်း ၁၀၀ စချေးမှာ။ အတိုးနှုန်းက တော်တော်များတယ်။ ၄.၅ ရာခိုင်နှုန်းနဲ့ ချေးမှာ။ ၀န်ဆောင်စရိတ်ကလည်း ၁ ရာခိုင်နှုန်းပေးရဦးမယ်။ သမ၀ါယမက ငွေချေးလုပ်ငန်းလုပ်မယ်ဆိုရင် သမိုင်းကြောင်းနဲ့ အတိတ်က အခြေအနေတွေကို ပြန်ကြည့်ရင် သမ၀ါယမက လုပ်ခဲ့တဲ့ လုပ်ငန်းတွေဆိုရင် ဘယ်လုပ်ငန်းမှ မအောင်မြင်ခဲ့ဘူး။ အနှစ် ၅၀ ကျော် ကာလတလျှောက်လုံး။ အတိုးလည်းများတယ်၊ ၀န်ဆောင်စရိတ်ကလည်းများတယ်၊ သေချာပေါက် နိုင်ချေမရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မလုပ်သင့်ဘူး။ ပြည်သူလူထုအကျိုးပြုလုပ်မယ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ပြည်သူလူထုတကယ်လက်တွေ့ အကျိုးဖြစ်ထွန်မလားဆိုတာ တော်တော် စဉ်စားစရာရှိတယ်။ ဒီလုပ်ငန်းကို သမ၀ါယမကနေပြီးတော့ လုပ်ဆောင်မှုဟာဖြင့် မအောင်မြင်နိုင်ဘူး” လို့ ပြောပါတယ်။

တရုတ်က ငွေချေးဖို့ လွှတ်တော်က လက်ခံလိုက်ပြီး အကောင်အထည်ဖော်လုပ်ကိုင်မယ့် သမ၀ါယမ ၀န်ကြီးဌာနက ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်ကို လွှတ်တော်ထဲ အစီရင်ခံရဦးမှာ ဖြစ်ပါတယ်။

တရုတ်က ငွေချေးမယ့်ကိစ္စကို ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်နဲ့ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းတို့ နှစ်ဦး လွှတ်တော်မှာ လာရောက် ရှင်းလင်း တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013