ပခုက္ကူမြို့တွင် လုံခြုံရေး တိုးမြှင့်
DVB
·
August 22, 2013
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အခုရက်ပိုင်း လုံခြုံရေးပိုချထားပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြု လုပ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
ကောလာဟလတွေကြားရလို့ ဩဂုတ် ၁၇ ရက်ကစပြီး မြို့လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပခုက္ကူမြို့ ၀င်/ထွက်တွေမှာ လုံခြုံရေး ဂိတ်တွေချပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို ရှာဖွေစစ်ဆေးသလို မြို့တွင်းမှာလည်း ဧည့်စာရင်းစစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် နယ်စပ် မောင်တောမြို့မှာလည်း အလားတူ လုံခြုံရေး တိုးချတာတွေ လုပ်နေပါတယ်။