တာဝန်စထမ်းဆောင်သည့် ရက် ၁၀၀ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၁၀၀ ထိုးနှံမည်ဟု ဂျိုးဘိုင်ဒင် ပြော

အမေရိကန်သမ္မတရာထူး စတင်ထမ်းဆောင်တဲ့ ရက် ၁၀၀ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထိုးနှံမယ့် ရည်မှန်းချက်ကို ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၈ ရက်မှာ ချပြလိုက်ပါတယ်။  ဘိုင်ဒင်က“ သမ္မတတာဝန် စထမ်းဆောင်တာနဲ့ ရက် ၁၀၀ နှာခေါင်းစည်း တပ်ဖို့ ညွှန်ကြားမယ်။ အပြောင်းအလဲ ဖန်တီးမယ့် ရက် ၁၀၀ ဖြစ်တယ်။ ဒါက နိုင်ငံရေး ထုတ်ပြန်ချက် မဟုတ်ဘဲ မျိုးချစ် လုပ်ရပ်ဖြစ်တယ်” လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံအနှံ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးရေးကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အပြည့်အ၀  ရန်ပုံငွေ ထောက်ပံ့ဖို့ လိုအပ်တယ်လို့လည်း ဘိုင်ဒင်က ဆိုပါတယ်။  ရက် ၁၀၀ အတွင်း ကျောင်းတွေ ပြန်ဖွင့်ရေးကလည်း အမျိုးသားဦးစားပေးတာဝန် ဖြစ်လာမယ်လို့ ဒီလာဝဲပြည်နယ် ဝယ်မင်တန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ပြောပါတယ်။  ဒီဇင်ဘာ ၈ ရက်မှာပဲ ဖိုင်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးရဲ့ ဘေးကင်းမှု ဒါမှမဟုတ် အစွမ်းထက်မှုနဲ့ပတ်သက်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သံသယမရှိခဲ့တဲ့ သတင်းကောင်းလည်း ရှိခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up