အသက် ၉၀ အရွယ် ဗြိတိန် အဘွားအို ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခံ

အသက် ၉၀ အရွယ် မာဂရက်ကီနန်ဟာ ကမ္ဘာ့ပထမဆုံး ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခံတဲ့ ဗြိတိန်အဘွား ဖြစ်လာပါတယ်။ ဒီဇင်ဘာ ၈ ရက် မနက်က အင်္ဂလန်အလယ်ပိုင်း ကွန်ဖက်ထရီမြို့က ဆေးရုံတစ်ခုမှာ သူဟာ ကာကွယ်ဆေးထိုးခဲ့တာ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၈ ရက်ကစပြီး ဗြိတိန်ဟာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတဝန်းက ပြည်သူတွေကို စတင်ထိုးနှံပေးနေပြီး ဒီလိုထိုးနှံတာကို ကိုဗစ်တိုက်ဖျက်ရေးမှာ အရေးပါတဲ့ အပြောင်းအလဲအဖြစ် ကြိုဆိုခဲ့ပါတယ်။  အခုလို အစုလိုက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံတာက ကမ္ဘာကြီးအနေနဲ့ ကပ်ရောဂါ တိုက်ဖျက်ရာမှာ အဆိုးဆုံးကို ကျော်ဖြတ်ပြီး အခြေအနေ ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုမိုအားကောင်းစေမှာပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံပြီးနောက်မှာ မာဂရက်ကီနန်က တခြားသူတွေအနေနဲ့ သူ့လို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံမယ်လို့ မျှော်လင့်ပြီး ရောဂါဆိုးကြီးကို သုတ်သင်ဖို့ ကြိုးစားကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up