မင်းလှမြို့တွင် ရွှေအလေးချိန် ၁ ပိဿာကျော်ခိုးယူသွားသူအား ဖော်ထုတ်ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မင်းလှမြို့မှာ ရွှေအလေးချိန် ၁ ပိဿာကျော်ခိုးယူသွားတဲ့ အမျိုးသမီး ၁ ဦးကို   ဖော်ထုတ်ဖမ်းဆီးရမိပြီလို့ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မနက်က  မင်းလှမြို့၊ ဈေးချိုတန်းလမ်း‌ရှိ  US ရွှေဆိုင်မှ ရွှေအလေးချိန် ၁ ပိဿာ၊ ၁၁ ကျပ်သား ၊ ၃ ပဲလောက် (ကာလတန်ဖိုး ငွေကျပ် ၁၃၅,၅၇၄,၀၀၀ ) ပျောက်ဆုံးမှု ဖြစ်ပွားခဲ့လို့  မင်းလှမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီအမှုကို နယ်မြေရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်ရာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေမှာ တရားခံအားဖမ်းဆီးနိုင်ခဲ့တယ်လို့  မင်းလှမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးလင်းလင်းက ပြောပါတယ်။ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့နေ အရင်က ခိုးမှုနဲ့ ထောင်ကျဘူးတဲ့ မရီရီလွင်ရဲ့ ခင်ပွန်းဖြစ်သူ ကျော်လွင်နိုင်မှာ အုတ်ဖိုမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှာ ရွှေဆွဲကြိုး ၁ ကုံး ရောင်းချခဲ့ ကြောင်း သတင်းအရ မြို့နယ်မှူးရဲမှူးဦးဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ တရားခံ မရီရီလွင် မိမိတစ်ဦးတည်း ခိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ပါတယ်။ သက်သေခံပစ္စည်းတွေကို ရဲတပ်ဖွဲ့ကသိမ်းဆည်းပြီး  တရားခံကို ဥပဒေနဲ့အညီ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရဲစခန်းမှူးကပြောပါတယ်။ သတင်း - သက်နိုင်ဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up