ကိုဗစ်-၁၉ လူနာသစ် ၁,၁၀၈ ဦးတွင် ရန်ကုန်က ၅၉၅ ဦး၊ မန္တလေးက ၁၈၃ ဦးဖြင့် အများဆုံးတွေ့
DVB
·
December 7, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၀၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၅၉၅ ယောက်၊ မန္တလေးတိုင်းက ၁၈၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒီကနေ့ညနေ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၆၄ ယောက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၅၁ ယောက်၊ မှော်ဘီ ၄၁ ယောက်၊ လှိုင်သာယာ အယောက် ၄၀၊ သန်လျင် ၃၈ ယောက်စီနဲ့ စုစုပေါင်း ၃၆ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၂၁ ခုမှာ ၁၈၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၀ ခုမှာ ၉၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၈၁ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၅ ခုမှာ ၃၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၇ ခုမှာ အယောက် ၃၀၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၇ ယောက်၊ နေပြည်တော် ၅ မြို့နယ်မှာ ၁၅ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ ၁၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၆ ခုမှာ ၁၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ၁၀ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် ပလက်ဝ ၁ ယောက်၊ ကယားပြည်နယ် လွိုင်ကော် ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၂ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစု ပေါင်း ၉၉,၁၅၅ ယောက်၊ သေဆုံးသူ ၂,၁၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၇,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၆ သန်းကျော် ရှိ နေပြီ ဖြစ်ပါတယ်။