ရွှေဘိုတွင် ကိုဗစ်-၁၉ လူနာသစ် ၉ ဦး ထပ်တွေ့
DVB
·
December 7, 2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာာ ဒီဇင်ဘာလ ၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉ ဦး ထပ်တွေ့တယ်လို့ ဒု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။
ရွှေဘိုတက္ကသိုလ် Facility Quarantine မှ သံသယလူနာ ၄၅ ဦးအား စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၈ ဦးနဲ့ ဘိုးတော်တောကျေးရွာက ၁ ဦး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုမြို့မှာ ဒီဇင်ဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ လူ ၈၇ ဦးရှိလာပြီး ရွှေဘိုတက္ကသိုလ်မှာ ကွာရန်တင်းဝင်နေသူက ၂၇၀ ရှိတယ်လို့ ကွာရန်တင်းတာဝန်ခံ ဦးစိုးမြင့်အောင်က ပြောပါတယ်။
သတင်း - ချိုသဲကြည်