A d v e r t i s e m e n t With Us

ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ယနေ့နံနက် စပိတ် (ဓာတ်ပုံ)

ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းကစတင်ပြီး ပိတ်ထားတာကို တွေ့မြင်ရပါတယ်။ ပြီးခဲ့သည့်တန်ဆောင်တိုင်လပြည့်ရက်နောက်ပိုင်း  မဟာဗန္ဓုလပန်းခြံမှာ လာရောက်အပန်းဖြေသူတွေနဲ့ စည်ကားလာပြီးနောက်ပိုင်း အခုလို ပိတ်ထားလိုက်တာပါ။ ကိုဗစ်ရောဂါပိုး ထိန်းချုပ်ရေးအတွက် Stay At Home အဖြစ်သတ်မှတ်ထားတဲ့ ရန်ကုန်က မြို့နယ်တွေမှာ  သတ်မှတ်စည်းကမ်းတဲ့မညီဘဲ အပြင်ရောက်နေသူတွေကိုလည်း တာဝန်ရှိသူတွေက စစ်ဆေးနေပြီး ပထမအကြိမ်သတိပေးတဲ့အနေနဲ့ နေအိမ်ကို ပြန်လွှတ်နေပါတယ်။ Photo - JPaing / MPA

A d v e r t i s e m e n t With Us

More News
Up