Homeသတင်းဓာတ်ပုံ
Stay at Home မန္တလေးခရိုင်တွင် မြို့နယ်ဝင်ထွက်ခွင့်ပြုလုပ်ရာ၌ အခက်အခဲများရှိနေ (ဓာတ်ပုံ)
Stay at Home မန္တလေးခရိုင်တွင် မြို့နယ်ဝင်ထွက်ခွင့်ပြုလုပ်ရာ၌ အခက်အခဲများရှိနေ (ဓာတ်ပုံ)
DVB
·
December 6, 2020
မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းကို ထိန်းချုပ်ကာကွယ်ဖို့အတွက် ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ Stay at Home နေထိုင်ကြဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကြေညာချက်အရ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက စတင်ကာ မြို့နယ်အဝင် အထွက် အသီးသီးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စျေးဝယ်ခွင့်ကတ်တွေ၊ နယ်မြေဖြတ်သန်းခွင့်ကတ်တွေကို စစ်ဆေးကာ မပါရှိပါက ဒဏ်ငွေ ၅၀၀၀ ကျပ် ကောက်ခံနေပါတယ်။
Stay at Home စတင်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က မန္တလေးမြို့ လမ်းမ အတော်များများမှာ လူသွား၊ လူလာ မရှိသလောက် နီးပါး နည်းပါးနေပေမယ့် မြို့နယ်ဝင်ထွက်ခွင့်ပြုအတွက် လာရောက် လျှောက်ထားတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပြည့်နှက်နေပါတယ်။
Photo - Kaung Zaw Hein / MPA