စာသင်ကျောင်းများဆောက်ရန် ဂျပန်က ဒေါ်လာ ၁၁ သန်း ကူညီမည်
DVB
·
August 21, 2013
ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ကူညီသွားမယ်လို့ နယ်စပ်ရေးရာ ၀န်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သည်နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။
ဂျပန်ဖောင်ဒေးရှင်းက ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စာသင်ကျောင်းတွေ ဆောက်ဖို့ အမေရိကန် ဒေါ်လာ ၅ သန်းနဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းပေါင်း ၁၀၀ ဆောက်လုပ်ဖို့ အမေရိကန်ဒေါ်လာ ၆ သန်း ထောက်ပံ့ ပေးမှာဖြစ်ပါတယ်။
နိပွန်ဖောင်ဒေးရှင်းဟာ မကြာသေးခင်ကလည်း တိုင်းရင်းသားဒေသတွေအတွက် လူသားချင်း စာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၃ သန်း ပေးအပ်လှူဒါန်းခဲ့ဖူးပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာအစိုးရနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်နယ်တွေမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။