DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story စီးပွားရေး သတင်း

မြန်မာ့ပို့ကုန်သစ် ပဲဇီးကွက်ကို တရုတ်နိုင်ငံဘက်က အဝယ်လိုက်နေပြီး ဈေးကောင်းရနေ 

  • By DVB
  • 4 December 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မန္တလေးပဲဈေးကွက်မှာ ဒီလပိုင်းအတွင်း ပဲဇီးကွက် ဈေးနှုန်းဟာ  သုံးတင်းဝင် တစ်အိတ်ကို  ကျပ် ၈၅,၀၀၀  အထိဈေးနှုန်းအမြင့်ဆုံးရောက်ရှိနေတယ်လို့ မန္တလေး ပဲပွဲရုံတွေကနေ သိရပါတယ်။

ပဲဇီးကွက် ဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ လောက်တုန်းက သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ ဈေးရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၈၅,၀၀၀ အထိ မြင့်တက်လာတာဖြစ်ပါတယ်။

ပဲဇီးကွက်ဟာ အရင်ကပြည်တွင်းစားသုံးမှုများတဲ့ပဲလည်းဖြစ်တဲ့အပြင် တရုတ်နိုင်ငံကလည်း မြန်မာဈေးကွက်အတွင်းရှိသလောက် ၀ယ်ယူနေတာကြောင့် အခုလို ဈေးမြင့်တက်လာတာပါ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က စတင်ပြီး တရုတ်ပြည်ကို ပဲဇီးကွက် စမ်းသပ်တင်ပို့ရာက ကြိုက်နှစ်သက်မှု ပိုမိုလာခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို ၀ယ်ယူလာတာဖြစ်တယ်လို့ မန္တလေးမြို့ စိုးဝင်းမြင့် ပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ပဲဇီးကွက်အနေနဲ့ကတော့ တောင်သူတွေအနေနဲ့ အပိုဝင်ငွေလည်းရရှိတယ်။ စိုက်ပျိုးရတာလည်း လွယ်ကူနေတဲ့အတွက် ဒီနှစ်အနေနဲ့က မိုးလေ၀သကလည်းသင့်တင့်တဲ့အတွက် အထွက်နှုန်းလည်းအသင့်အတင့်ရှိတယ်။ တရုတ်ပြည်စားသုံးသူတွေအနေနဲ့ကတော့ စမ်းသပ်စားရင်းစားရင်းနဲ့ မြန်မာ့ ပဲဇီးကွက် ပို့ကုန်ကို လက်ခံလာတဲ့အနေအထားဟာ နံပါတ် ၁ အချက်အနေနဲ့ ကျနော်တို့က ဓာတု ကင်းလွတ်တဲ့ပစ္စည်းဖြစ်တယ်။ နောက်  စားသုံးတဲ့နေရာမှာ အရသာက ထူးကဲတဲ့ အရသာရှိနေတဲ့ အတွက် တစ်နှစ်ထက်တစ်နှစ် အခုလို အခြေအနေမျိုး ရောက်ရှိလာခြင်းဖြစ်ပါတယ်။”

ပဲဇီးကွက်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက အထွက်များပြီး တစ်ဧကကို တင်း ၃၀လောက် အထိ အထွက်နှုန်းရှိပါတယ်။ ပဲဇီးကွက်စိုက်ပျိုးသူတွေအနေနဲ့ အခုနှစ်မှာ စိုက်ပျိုးသူ များပြားလာပြီးတော့ တစ်နှစ်မှာ တစ်ရာသီပဲ ထွက်ရှိတဲ့ သီးနှံဖြစ်တာကြောင့် အခုအချိန်မှာ ဈေးကွက်အတွင်း လက်ကျန်နည်းပါးလာတယ်လို့သိရပါတယ်။

ပဲဇီးကွက်ကို မြန်မာလူမျိုးတွေစားသုံးသလိုပဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တရုတ်ပြည် ဈေးကွက်ကို မြန်မာကုန်သည်တွေကနေ စတင်စမ်းသပ်ပို့ဆောင်ရင်း တရုတ်စားသုံးသူတွေ အနေနဲ့ကလည်း ကြိုက်နှစ်သက်တဲ့အတွက် တစ်နှစ်ထက် တစ်နှစ် ၀ယ်ယူမှုတွေက တိုးချဲ့များပြားလာပြီး  ပဲဇီးကွက်ဟာ  ပြည်ပပို့ကုန် ဈေးကွက်ဝင်တန်းဝင်လာတာဖြစ်ပါတယ်။

ပဲဇီးကွက်ဟာ ပိုးကျတာ နည်းပါးတာကြောင့် စိုက်ပျိုးရလွယ်ကူသလို တောင်သူတွေ အနေနဲ့လည်း ၀င်ငွေ တိုးလာမှာဖြစ်တဲ့အတွက် ပြည်ပ ပို့ကုန်တရပ်အနေနဲ့ နောင်နှစ်တွေမှာလည်း အလားအလာ ကောင်းနိုင်တာကြောင့် တိုးချဲ့စိုက်ပျိုးသင့်တယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

Tags: ဈေးကောင်းရတရုတ်နိုင်ငံပဲဇီးကွက်မြန်မာ့ပို့ကုန်သစ်

  • Previous story လောင်းလုံးမြို့နယ်ထဲက ပိုးကျစပါးခင်းများအတွက် ထောက်ပံ့ကြေးရလို
  • Next story အမေရိကန်ပြည်သူတိုင်း ရက်ပေါင်း ၁၀၀  Mask တပ်ရန်  ဘိုင်ဒင် နှိုးဆော်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုစာချုပ် ရပ်ဆိုင်း
    • 02 ကိုဗစ်-၁၉ လူနာသစ် ၄၇၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၈ ဦးထပ်တိုး
    • 03 သထုံတွင် ရထားလမ်းပေါ် တက်အိပ်သူ ၂ ဦး ရထားတိုက်ခံရ၊ ၁ ဦး သေဆုံး
    • 04 ဓာတ်ခွဲခန်းသုံးဝက်များကဲ့သို့ နိုင်ငံသားများကို ကိုဗစ်ဆေးစမ်းသပ်ခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော
    • 05 ဆမ်ဆောင်း လုပ်ငန်းစု၏ အမွေဆက်ခံသူ ဂျေဝိုင်လီကို ထောင်ဒဏ် လ ၃၀ ချမှတ်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.