A d v e r t i s e m e n t With Us

လောင်းလုံးမြို့နယ်ထဲက ပိုးကျစပါးခင်းများအတွက် ထောက်ပံ့ကြေးရလို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ပိုးကျနေတဲ့ စပါးခင်းတွေကို  စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိတွေက  ကွင်းဆင်းလေ့လာခဲ့ပြီး ထောက်ပံ့ငွေရရှိရေးကိစ္စကတော့ အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာဌာန‌‌တွေမှာတင်ပြရမယ်လို့ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ပြောပါတယ်။ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးလွင်က "ကျနော်တို့က အသိပညာပေးတဲ့ အပိုင်း လုပ်တာပေါ့နော် ထောက်ပံ့ငွေပေးမယ့်ကိစ္စက ကျနော်တို့ ဆုံးဖြတ်လို့မရဘူး။ စိုက်ပျိုးရေး ဘဏ်နဲ့ တခြားတာဝန်ရှိသက်ဆိုင်တဲ့ ဌာနတွေနဲ့ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး‌ ကနေတဆင့် သက်ဆိုင်ရာဌာနတွေကိုတင်ပြရမှာပေါ့နော်" လို့ ပြောပါတယ်။ စပါးခင်းပိုးကျနေတဲ့ လယ်သမားများက ထောက်ပံ့ငွေပေးမယ့်ကိစ္စကိုမျှော်လင့်နေပြီး နွေ စရိတ်ရော မိုးစရိတ်ပါ စပါးခင်းထဲထည့်ထားရတာက တစ်ဧကကို ကျပ် ၂ သိန်းကျော် ၃ သိန်းလောက် အထိရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။ စပါးခင်းပိုးကျတာက တချို့လယ်သမားတွေမှာ တစ်ဧက နှစ်ဧက လောက်သာရှိပေမယ့် တချို့လယ်သမားတွေမှာဆို ဆယ်ဧက လောက်အထိရှိတယ်လို့သိရပါတယ်။ စပါးခင်းပိုးကျ မှုကြောင့် စပါးဆုံးရှုံးမှုတွေရှိပြီး အရှုံးပေါ်ကာ ချေးငွေပြန်မဆပ်နိုင်မှာကို ‌လယ်သမားတွေက စိုးရိမ်နေကြပါတယ်။ ပိုးကျတဲ့စပါးခင်း ဧကတွေကို စာရင်းကောက်ယူထားပြီး တကယ်လို့ထောက်ပံ့ငွေ ပေးခဲ့လို့ ရှိရင် စိုက်ပျိုးကွင်းအလိုက်ပြန်လည်စိစစ်ပြီး တာဝန်ရှိသူတွေနဲ့ကွင်းဆင်းကာ ဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ်ထဲမှာ စိုက်ပျိုးဧကပေါင်း ၄၂၀၀၀ ကျော် ရှိပါတယ်။ သတင်း - ကောင်းထက်အောင်

A d v e r t i s e m e n t With Us

More News
Up