DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာ 
DVB
·
December 3, 2020
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာ 
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၄၁၈ ယောက်နဲ့ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၉၅,၀၁၈  ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ  အယောက် ၃၀ ထဲမှာ ၂၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂,၇၁၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၄၁၈ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၁၄၇ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၄၀ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက  ၇၀၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၈၄၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၅ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

PHOTO-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013