A d v e r t i s e m e n t With Us

တရုတ်အာကာသယာဉ် လပေါ် အောင်မြင်စွာ ဆင်းနိုင်

တရုတ် အာကာသယာဉ်ဟာ လမျက်နှာပြင်က ကျောက်တုံး နမူနာတွေကို ကောက်ယူမယ့် သမိုင်းဝင် လုပ်ငန်းအတွက် လရဲ့ မျက်နှာပြင်ပေါ်ကို ဒီဇင်ဘာ ၁ ရက်က အောင်အောင်မြင်မြင် ဆင်းသက်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက ကြေညာပါတယ်။  တရုတ်ဒဏ္ဍာရီအရ လနတ်သမီးလို့ အဓိပ္ပာယ်ရတဲ့ ချန်းအော်အဖြစ် အာကာသခရီးစဉ်ကို နာမည်ပေးထားပါတယ်။  တရုတ်ဟာ ချန်းအော်ဝူ အာကာသယာဉ်ကို နိုဝင်ဘာ ၂၄ ရက်က လွှတ်တင်ခဲ့ပြီး လရဲ့ ကနဦးအစနဲ့ ပတ်သက်လို့ ပိုမိုလေ့လာနိုင်ရေး သိပ္ပံပညာရှင်တွေကို ကူညီဖို့ လမျက်နှာပြင်ပေါ်က ကျောက်တုံး ကျောက်ခဲတွေကို ကောက်ယူနေတာပါ။  လမျက်နှာပြင်ပေါ်က မုန်တိုင်းပင်လယ်လို့ သိကြတဲ့ ချော်ရည်လွင်ပြင်ကြီးပေါ်က အရင် မရောက်ဖူးတဲ့နေရာတွေက ကျောက်ခဲနမူနာတွေ ၂ ကီလိုလောက်ကို ကောက်ယူဖို့ ကြိုးစားနေပါတယ်။  တကယ်လို့ စီစဉ်ထားတဲ့အတိုင်း လုပ်ငန်းပြီးဆုံးခဲ့ရင် ဒီလုပ်ငန်းစဉ်ဟာ တရုတ်ကို လမျက်နှာပြင်ပေါ်က နမူနာ ကောက်ယူနိုင်တဲ့ ကမ္ဘာ့ တတိယနိုင်ငံ ဖြစ်လာစေမှာပါ။  အရင်က အမေရိကန်နဲ့ ရုရှားတို့က လရဲ့ မျက်နှာပြင်ပေါ်က နမူနာပစ္စည်းတွေကို ကောက်ယူခဲ့ကြ ဖူးပါတယ်။   

A d v e r t i s e m e n t With Us

More News
Up