ကိုဗစ်-၁၉ လူနာသစ် ၁,၄၇၆ ဦးတွင် ရန်ကုန်က ၈၈၆ ဦး၊ မန္တလေးက ၂၉၉ ဦးဖြင့် အများဆုံးတွေ့
DVB
·
December 2, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၇၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၈၆ ယောက်၊ မန္တလေးတိုင်းက၂၉၉ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံနဲ့ မြောက်ဉက္ကလာပက အယောက် ၈၀ စီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)က ၇၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၀ ခု ပါဝင်နေ တာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၂၉၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၅၇ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၉၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၂၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၃၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၁၅ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၉ ခုမှာ ၂၅ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၇ ခုမှာ ၂၁ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၁၅ ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၁ ယောက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၁ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၁၂ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၂,၁၈၉ ယောက်၊ သေဆုံးသူ ၁,၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၁,၃၄၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄ ဒသမ ၂၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄၈ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၄ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။