ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်
DVB
·
August 19, 2013
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျောင်းသားဆေးခန်းလို့ သိကြတဲ့ မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ဆစ်ဒနီငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေး ချီးမြှင့်လိုက်ပါတယ်။
ဆစ်ဒနီ ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀ှမ်းမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြှင့်နေတဲ့ဆု ဖြစ်ပါတယ်။
အရင်က ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အရှေ့တီမော ခေါင်းဆောင် ဇာနာနာ ဂက်စ်မိုတို့ကို ချီးမြှင့်ခဲ့ပါတယ်။