အမေရိကန် ရွေးကောက်ပွဲရလဒ်များ အပြီးသတ် ထုတ်ပြန်၊ ဂျိုးဘိုင်ဒင်အနိုင်ရကြောင်း အတည်ပြု 

Democratic presidential nominee Joe Biden gestures after speaking during election night at the Chase Center in Wilmington, Delaware, early on November 4, 2020. - Democrat Joe Biden was to make a statement early November 4 in his home city of Wilmington, his campaign said, with the White House hopeful locked in a tight race against US President Donald Trump. Several battleground states that were expected to decide the election winner were still up in the air, including Michigan, Pennsylvania and Wisconsin. (Photo by ANGELA WEISS / AFP)
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အဓိကအကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေ အားလုံးက သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်လိုက်ပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့အောင်ပွဲ ဖြစ်တယ်ဆိုတာ အခိုင်အမာ ထောက်ခံ ရပ်တည်လိုက်ကြပါတယ်။ ဘိုင်ဒင်ဟာ မဲဆန္ဒနယ် ၃၀၆ နယ်မှာ အောင်ပွဲရခဲ့ပြီး ထရမ့်က ၂၃၂ မဲသာ ရခဲ့တာပါ။ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ လုပ်ငန်းစဉ်အရ ရလဒ်ထုတ်ပြန်ရာမှာ အချိန်ယူရပါတယ်။ နောက်ကျမှ ရောက်လာတဲ့  ပြည်တွင်း ပြည်နယ်အသီးသီးက စာတိုက်မဲတွေ၊ နိုင်ငံခြားက ကြိုတင်မဲတွေနဲ့ စစ်တပ်က ပေးတဲ့မဲတွေကို ပြည်နယ်အများအပြားက ရွေးကောက်ပွဲ ကော်မရှင်အရာရှိတွေက စစ်ဆေးရပါတယ်။ မဲလိမ်မှု စွဲချက်တွေကြောင့် မဲအားလုံးကို ပြန်ရေတွက်ပြီးတဲ့အခါ အရာရှိတွေက ရလဒ်ကို တရားဝင် ထုတ်ပြန်ကြပါတယ်။ အမေရိကန် ရွေးကောက်ပွဲအများစုမှာ ရလဒ် တရားဝင်ထုတ်ပြန်တဲ့ လုပ်ငန်းစဉ်ကို လူတွေ သိပ်အာရုံမစိုက်ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ သမ္မတထရမ့်နဲ့ မဟာမိတ်တွေက ရလဒ်ကို တရားရုံးမှာ စိန်ခေါ်ခဲ့ကြလို့ လူတွေ အာရုံစိုက်ခဲ့ကြပါတယ်။ ဂျော်ဂျီယာပြည်နယ်က မဲ ၅ သန်းကျော်ကို လက်နဲ့ ပြန်ရေတွက်ခဲ့ကြပြီး ဂျိုးဘိုင်ဒင်က ထရမ့်ကို နှာတဖျားအသာနဲ့ မဲနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါတောင်မှ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့က စက်နဲ့ ပြန်ရေတွက်ဖို့ ထပ်တောင်းဆိုခဲ့လို့ ဒီအပတ်ထဲမှာ စက်နဲ့ ပြန်လည်ရေတွက်တာ ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်။  မီချီဂံပြည်နယ်ကလည်း ဘိုင်ဒင် မဲနိုင်တဲ့ ရလဒ်ကို နိုဝင်ဘာ ၂၃ မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပင်ဆယ်လ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေကလည်း မဲရလဒ်တွေကို အသီးသီး တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ မဲရလဒ်ကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဝစ္စကိုဆင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကတော့ ဘိုင်ဒင်က သူ့ပြည်နယ်ရဲ့ မဲတွေ အနိုင်ရသူအဖြစ် တနင်္လာနေ့မှာ အတည်ပြုပါတယ်။ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့က မီလ်ဝေါင်ခီးနဲ့ ဒိန်းမြို့နယ်တွေက မဲတွေကို ပြန်ရေတွက်ဖို့ တောင်းဆိုခဲ့ပေမယ့် မြို့နယ် ၂ ခုလုံးမှာ ဘိုင်ဒင် နိုင်ကြောင်း ထပ်အတည်ပြုခဲ့ပါတယ်။ ဖလော်ရီဒါ၊ အိုင်အိုဝါ၊ အိုဟိုင်းယိုး၊ မြောက်ကာရိုလိုင်းနားပြည်နယ်တွေ အပါအဝင် ထရမ့် နိုင်တဲ့ အကြိတ်အနယ် ပြိုင်ရတဲ့ ပြည်နယ်တွေကတော့ သူတို့ ရလဒ်တွေကို ပုံမှန် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up