တောင်ဆူဒန်တွင် ရေဘေးနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာရ

FILE PHOTO: A displaced woman crosses a flooded area in Manager Ajak village, in South Sudan, November 27, 2020. REUTERS/Denis Dumo
146
တောင်ဆူဒန်နိုင်ငံက ရေဘေးသင့် ပြည်သူ ၁ သန်းကျော်ဟာ ဇူလိုင်ကတည်းက ရေကြီးမှုကြောင့် သူတို့အိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းမှာ နေကြရတာ ၂ လ ကြာပြီ ဖြစ်ပါတယ်။
ဝါး(ပ်)ပြည်နယ်မှာ ဇူလိုင်လတည်းက ရေဘေးကြောင့်ရော အကြမ်းဖက်မှုတွေကြောင့်ပါ လူ ၃၇၇,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ပြောပါတယ်။
ရေမကြီးခင်က ရေနံထွက်တဲ့ တောင်ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ် ၅ နှစ်ကို ဖြတ်သန်းခဲ့ရပြီး ၂၀၁၈ မှာတော့ မခိုင်မာတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။
နယ်ပယ် ၇၈ ခုရှိတဲ့ တောင်ဆူဒန်ရဲ့ တဝက်လောက်ဟာ အဆိုးရွားဆုံး မိုးကြီးတာကို ရင်ဆိုင်ရအပြီး ရေအောက်မြုပ်နေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ရေဘေးသင့်မှုအပြင် ဓားပြတွေနဲ့ တိုင်းရင်းသား ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုတွေက ဖြစ်နေကျလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
“လူတွေ လက်လွတ်စပယ် အသတ်ခံနေရတယ်။ မလုံခြုံမှုက ဆိုးရွားလွန်းလို့ မေလမှာ ကောက်ပဲသီးနှံတွေကိုတောင် မစိုက်နိုင်ခဲ့ဘူး” လို့ ဝါးပ်ပြည်နယ် တွန့်ဂျ်မြို့နယ် သက်သာချောင်ချိရေးနဲ့ ပြန်လည်နေရာချထားရေးကော်မရှင်က ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောပါတယ်။
လူတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ကြီးကြပ်မှုကနေ စားစရာတွေသာ ရမနေရင် လူအများအပြားက ဆာလောင်မွတ်သိပ်ပြီး သေကုန်ကြလိမ့်မယ်လို့လည်း ပြောပါတယ်။