Home
မြန်မာသတင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်
DVB
·
December 1, 2020
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။ နုတ်ထွက်စာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်း နိုင်ငံတော် သမ္မတထံ ကိုယ်တိုင်သွားတင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့်ပြုကြောင်းစာကို ရရှိခဲ့တာဖြစ်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။ ဒါကြောင့်လာမယ့် ဒီဇင်ဘာ ၂ရက်နေ့ကစတင်ပြီး အနားယူတော့မှာဖြစ်ပါတယ်။ အဲဒီလိုနုတ်ထွက်တာဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တွေနဲ့မပတ်သက်သလို အစိုးရနဲ့အဆင်မပြေလို့ နုတ်ထွက်တာလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က သူကျန်းမာရေးကောင်းတဲ့အချိန်မှာ သံသရာအတွက် ပြင်ဆင်ချင်တဲ့အတွက် အခုလို နုတ်ထွက်တာဖြစ်တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြောပါတယ်။ သူနုတ်ထွက်မယ့်အကြောင်းကိုလည်း အဂတိကော်မရှင်ရုံး ပန္နက်တင်ကတည်းက ကြိုပြီး အသိပေးထားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကော်မရှင်ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အားလုံးစနစ်တကျ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးကျော်စိုးက ပြောပါတယ်။ ဦးအောင်ကြည်ဟာ အငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး စစ်အစိုးရခေတ်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီး၊ ဆက်ဆံရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ဦးအောင်ကြည်ဟာ စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ အကြား ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၇ခုနှစ်မှာတော့ အဂိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သတင်း- ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024