A d v e r t i s e m e n t With Us

ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဂျိုးဘိုင်ဒင် တင်သွင်း

ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ဗဟိုဘဏ် (Federal reserve ) ရဲ့ ဥက္ကဋ္ဌဟောင်း ဂျနက်ယယ်လန်ကို သူ့အစိုးရအဖွဲ့သစ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်နဲ့ နိုဝင်ဘာ ၃၀ မှာ အမည်စာရင်းတင်သွင်းလိုက်ပြီလို့ ဘိုင်ဒင်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က ကြေညာပါတယ်။ ဒါ့အပြင် ဝေါ်လီအဒေယေမိုကို ဘဏ္ဍာရေးဒုဝန်ကြီး၊ နီးရာတန်ဒန်ကို ရသုံးမှန်းခြေငွေစာရင်းနဲ့ စီမံရေးဌာန ညွှန်ကြားရေးမှူး၊ စီစီလီယာရောက့်စ်ကိုတော့ စီးပွားရေးအကြံပေးကောင်စီ အကြီးအကဲအဖြစ် နာမည်စာရင်း တင်သွင်းထားတယ်လို့ အဖွဲ့က ပြောပါတယ်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာ မသမာမှု ရှိတယ်လို့ သက်သေမပြနိုင်ဘဲပြောရင်း အရှုံးကို လက်ခံဖို့  ငြင်းဆိုနေလို့ အစိုးရသစ် ဖွဲ့စည်းရေး သီတင်းပတ်ချီ နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ ထရမ့်က သူ့အစိုးရအဖွဲ့ရဲ့ အဓိကနေရာတွေမှာ လူဖြူတွေကို ခန့်ထားခဲ့ပေမယ့် ဘိုင်ဒင်ကတော့ မတူခြားနားတဲ့ လူမျိုးစုတွေကို ရွေးခဲ့တာပါ။ ဒုသမ္မတက အိန္ဒိယ-လက်တင်အမေရိက ကပြားဖြစ်ပြီး သူ့ရဲ့ ဆက်သွယ်ရေးအဖွဲ့ကိုလည်း အမျိုးသမီးသီးသန့်နဲ့သာ ဖွဲ့စည်းကြောင်း တနင်္ဂနွေညက ကြေညာခဲ့ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌနေရာမှာ ပထမဆုံး အမျိုးသမီးကို ရွေးချယ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဒုဝန်ကြီး နေရာကိုလည်း ပထမဆုံး လူမည်းအဖြစ် အဒေဝါလေ အဒေယေမိုကို ရွေးချယ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up