အက်ဖ်အေဖလား တတိယအဆင့်၌ အာဆင်နယ်က နယူးကာဆယ်၊ မန်ယူက ဝက်ဖို့ဒ်နှင့်တွေ့ဆုံ
အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လက်ရှိချန်ပီယံ အာဆင်နယ်က နယူးကာဆယ်နဲ့ တွေ့ဆုံနေပြီး မန်ယူက ဝက်ဖို့ဒ်နဲ့ တွေ့ဆုံနေပါတယ်။
စတုတ်စီးတီးနဲ့ လက်စတာ၊ အက်စ်တွန်ဗီလာနဲ့ လီဗာပူး၊ မန်စီးတီးနဲ့ ဘာမင်ဂမ် တို့ တွေ့ဆုံနေပြီး စပါးအင်းကတော့ အဆင့်–၈ လိဂ်က မရိမ်းအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
တတိယအဆင့်ကို အဆင့်–၈ လိဂ်ကနေ ပထမဆုံးအကြိမ် တက်လှမ်းလာနိုင်ခဲ့တဲ့ မရိမ်းအသင်းဟာ မာဆေဆိုဒ် အခြေစိုက်ကလပ် ဖြစ်ပါတယ်။
တတိယအဆင့် မရောက်ခင်မှာ ဟက်ဗန့်နဲ့ ဝါးတားလိုဗီလီအသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး ကျော်ဖြတ်လာခဲ့တာပါ။
စပါးနဲ့ ထိပ်တိုက်ဆုံခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး မော်ရင်ဟိုရဲ့ စပါးအသင်းက တောင့်တင်းတဲ့အသင်းကောင်းဖြစ်ပေမဲ့ အစွမ်းရှိသမျှ ကြိုးပမ်းကစားသွားမယ်လို့ မရိန်းနည်းပြက ပြောပါတယ်။