Live
Home
မြန်မာသတင်း
ဝိုင်းမော်တွင် တစ်သျှူးငှက်ပျောတွဲကားနှင့်ဆိုင်ကယ် ချိတ်မိသဖြင့် လူငယ် ၁ ဦး သေဆုံး
DVB
·
November 30, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နန့်ဝါကျေးရွာမှာ တစ်သျှူးငှက်ပျောကားနဲ့ ချိတ်မိတာကြောင့် အသက် ၂၂ နှစ်အရွယ် လူငယ်တဦး ဦးခေါင်းကြေမွ ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နို၀င်ဘာ ၂၉ ရက် ညနေ ၄ နာရီ၀န်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝိုင်းမော်-ဝါရှောင်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ Canda အမှတ်တံဆိပ် ဆိုင်ကယ်ကို ကုန်တင်ယာဉ်ကြီးတစ်စီးက ချိတ်မိကာ ကားဘီးအောက် ၀င်သွားပြီး သေဆုံးခဲ့တာလို့ ဝိုင်းမော်မြို့မရဲစခန်းက သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျောတင် တွဲကားတစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ လမ်းကကျဉ်းပြီး တစ်သျှူးငှက်ပျောတွဲကားရှည်ကြီးတွေ နေ့ ည အရှိန်နဲ့ မောင်းတာကြောင့် သတိထားသွားလာ‌ နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အခု လူငယ်သေဆုံးမှု အပါအ၀င် ကျေးရွာတွင်း ယာဉ်အန္တရာယ် ရှိနိုင်တာကြောင့် ကျေးရွာတွင်း တရုတ်တစ်သျှူး ငှက်ပျောတင် တွဲကားကြီးတွေ မ၀င်ရေး သက်ဆိုင်ရာကို စာရေးတင်ပြသွားမှာ ဖြစ်သလို လိုအပ်ပါက ‌ဆန္ဒထုတ်ဖော်သွားမယ်လို့ ဒေသခံ ကိုဘောမ်ယော်က DVB ပြောပါတယ်။  ဒေသတွင်းလူမှုကွန်ရက်မှာလည်း ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာ အဆိုပါတရားခံ ကားနဲ့ ယာဥ်‌မောင်းကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေပြီး ဒုရဲအုပ် ရန်နိုင်ထွန်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ 304-က/၂၀၂ နဲ့ ဝိုင်းမော်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ဇုန်းကျန်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024