A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံထဲ ခိုးဝင်သည့် ရွှေ့ပြောင်းမြန်မာ ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ ရွှေ့ပြောင်းမြန်မာ ၃ ဦး ဒီနေ့မနက်ပိုင်းက သောင်ရင်းမြစ်ကမ်းဘေးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃ ဦးဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကာလမှာ မိသားစု စားဝတ်နေရေး အခက်အခဲကြုံနေတာကြောင့် အခုလို ထိုင်းနိုင်ငံမှာ အလုပ်သွားရှာဖို့ အခုလို ခိုဝင်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေဖို့ မြန်မာ-ထိုင်းနယ်စပ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး ခိုးသွားသူတွေကို ဖမ်းဆီးပြီး ထိုင်းဥပဒေနဲ့ အရေးယူမှုပြုလုပ်နေပါတယ်။ ဒီနေ့ ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာ ၃ ဦးကို ထိုင်း လ.ဝ.က အဖွဲ့ကို အပ်နှံပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။ မြဝတီ-မဲဆောက် သောင်ရင်းမြှစ်တလျှောက် မြန်မာဘက်က နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က လုံခြုံရေးတင်းကြပ်ထားပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ အမှတ် ၄ ခြေလျင်တပ် တပ်ခွဲ ၄၃၁ တို့က လုံခြုံရေးပြုလုပ်နေပြီး တရားမဝင် ဖြတ်ကျော်သွားလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပြင် ထိုင်းလူမျိုးတွေကိုလည်း ဖမ်းဆီးပြီး အရေးယူတာတွေ ပြုလုပ်နေပါတယ်။ ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up