A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် ကားဗုံးကြောင့် လူ ၄၀ သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂါဇနီပြည်နယ်မှာ နိုဝင်ဘာ ၂၉ ရက်က ကားဗုံး ပေါက်ကွဲလို့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ ထက် မနည်း သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲတဲ့နေရာက အာဖဂန် လုံခြုံရေး တပ်ဆွယ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံး ခြံဝင်းထဲမှာဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။  အလောင်း ၃၀ နဲ့ ဒဏ်ရာရသူ ၂၄ ယောက်ကို ဆေးရုံ လာပို့ထားတယ်လို့ ပြည်နယ်ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် ခြံဝင်းပတ်လည်က အရပ်ဘက် လူနေအိမ်တွေလည်း ပျက်စီးတယ်၊ အရပ်သားတွေဘက်က သေဆုံးမှု ပိုနိုင်တယ်လို့ အာဖဂန်လုံခြုံရေးတပ်က ပြောပါတယ်။ ဂါဇနီ ပြည်နယ်မှာ ကားဗုံးပေါက်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက အတည်ပြု ပြောဆိုပေမဲ့ ပစ်မှတ်နဲ့ ထိခိုက် သေဆုံးသူ အရေအတွက်ကိုတော့ မပြောခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံ ကြေညာချက်လည်း မထွက်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up