A d v e r t i s e m e n t With Us

ဩစတြေးလျတွင် အပူလှိုင်းကြောင့် ကမ်းခြေဆင်း အပူရှောင်သူ များပြား

သြစတြေးလျ နွေရာသီရဲ့ ပထမဆုံး အပူလှိုင်းဟာ နိုဝင်ဘာ ၂၈ ရက်က စတင်တာမို့  ကမ်းခြေဆင်း အပူရှောင်သူတွေ များနေပါတယ်။ နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး နယူးဆောက်ဝေးပြည်နယ်ဒေသတွေမှာ အပူချိန်က ၄၇ ဒီဂီရီ ဆဲဆီးယပ်စ်ကို ရောက်နေပြီး ပြည်နယ်မြို့တော် ဆစ်ဒနီမှာတော့ ၄၀ ဒီဂရီ ဆဲဆီးယပ်စ် ရှိပါတယ်။ အပူချိန်မြင့်နေတာမို့ သြစတြေးလျတောင်ပိုင်း၊ ဗစ်တိုးရီးယား၊ ကွင်းစလန်နဲ့ နယူးဆောက်ဝေးပြည်နယ်တွေမှာ မီးမရှို့ရ တားမြစ်ချက်တွေ ထုတ်ထားပါတယ်။ ဒါ့အပြင် မီးသတ်တပ်ဖွဲ့တွေကတည်း တောမီးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားပါတယ်။        အပူလှိုင်းကြောင့် ကမ်းခြေဆင်းသူတွေ များလာတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ ရှိရေးကလည်း အာဏာပိုင်တွေအဖို့ စိတ်ပူစရာပါ။ ဒါကြောင့် လူအရေအတွက်နဲ့ ကမ်းခြေ ကားပါကင်တချို့ကို ခြေရာခံဖို့ ဒရုန်းတွေကို အသုံးပြုထားပါတယ်။ အဲဒီထဲမှာ သတ်မှတ်အရေအတွက် ကျော်လွန်လို့ ပိတ်ပစ်ခဲ့တဲ့ ဆစ်ဒနီ အထင်ကရ ဘွန်ဒီ ကမ်းခြေလည်း ပါဝင်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up