အီတလီနိုင်ငံ စာဒီနီယာကျွန်းတွင် ရုတ်တရက် ရေကြီးမှုကြောင့် လူ ၃ ဦး သေဆုံး

196
အီတလီနိုင်ငံ စာဒီနီယာကျွန်းပေါ်မှာ ရာသီဥတုအခြေအနေ ဆိုးရွားနေလို့ နိုဝင်ဘာ ၂၈ ရက်က လူ ၃ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်က မိုးကြီးပြီး မိုးကြိုးတွေပစ်ကာ ရုတ်တရက် ရေကြီးခဲ့လို့ ၂၈ ရက်နေ့ အစောပိုင်းက ဘစ်တီမြို့ အစိတ်အပိုင်းတွေ ရေအောက် မြုပ်နေပါတယ်။
ရုတ်တရက် ရေကြီးလို့ ကားတွေ ရေအောက်မြုပ်ကုန်တဲ့အတွက် သက်ကြီးဇနီးမောင်နှံနှစ်ဦးနဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
ပျောက်ဆုံးနေသူ ၂ ဦးကို ဒေသန္တရ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာနေဆဲ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။