A d v e r t i s e m e n t With Us

အင်္ဂပူတွင် ခရိုင်အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် မြစ်သဲကျောက်စုပ်ယူနေမှု တားမြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ဧရာဝတီမြစ်အတွင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ မြစ်သဲကျောက်စုပ်ယူ​နေတဲ့ မော်တော်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့က စပြီး ယာယီရပ်ဆိုင်းထားဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်ရေးမှူး ဦးဝင်းမြင့်အောင်က "ဧရာဝတီတိုင်းအပိုင်ထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာနဲ့ လုပ်နေတော့ လောလောဆယ် ကျနော်တို့က ခဏ ယာယီရပ်ဆိုင်းထားခဲ့တယ်။ ကျန်တာကတော့ အထက်လူကြီးတွေကို တင်ပြပြီးမှ ဆက်လက်လုပ်ဆောင်သွားမှာပါ။ သူတို့က အမှုတွဲတော့ တင်ပြထားပြီးသား၊ တည်ဆောက်ထားပြီးသားပေါ့။ ဒီဥပဒေနဲ့ပတ်သက်တဲ့ တရားဝင်ခွင့်ပြုမိန့် မရသေးတော့ သူတို့လက်ထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာတခုတည်းနဲ့ လုပ်နေတာဖြစ်တယ်။ အခုလောလောဆယ် ထုတ်နေတာ မော်တော် ၁၁ စီး တွေ့ခဲ့တဲ့အတွက် အဲ့ဒီ ၁၁ စီးကိုပဲ စာရင်းကောက်ခဲ့တယ်" လို့ ပြောပါတယ်။ လက်ပံတန်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ မိုးညိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တွေမှာ မြစ်သဲကျောက် ထုတ်ယူမှုတွေကြောင့် မြစ်ကမ်းပါးတွေ ထိခိုက်မှုကို  သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာက ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာနဲ့ မြစ်ကျောက်စလစ် စုပ်ယူ​နေတဲ့ မော်တော်တွေကို တွေ့ရှိခဲ့ရတာလို့ လိုက်ပါစစ်ဆေးရာမှာ ပါဝင်တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုဆီက သိရပါတယ်။ သတင်း - ဝဏ္ဏထွန်း

A d v e r t i s e m e n t With Us

More News
Up