A d v e r t i s e m e n t With Us

တိုင်းပြည်၏ ပြဿနာများကို အမျိုးသားညီညွတ်ရေးအခြေခံပြီး ဖြေရှင်းရန် အပစ်ရပ်အဖွဲ့များ မျှော်လင့်  

ဓာတ်ပုံ- NCA-S EAO
အန်အယ်လ်ဒီပါတီ အနေနဲ့ လက်ရှိတိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအရပ်ရပ်ကို အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်အခြေခံနဲ့ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း အန်အီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။   ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ တောင်ပြိုကမ်းပြို အနိုင်ရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က နိုဝင်ဘာ ၂၆ နေ့က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။  PPST အနေနဲ့လည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မကြာမီကာလမှာ ဖွဲ့စည်းမယ့်အစိုးရနဲ့  နိုင်ငံရေးကတိကဝတ်ခိုင်မာစွာနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားတာတွေ့ရပါတယ်။ နိုဝင်ဘာလ ၂၅ ရက်က  Video Conferencing စနစ်နဲ့ကျင်းပတဲ့   အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)ရဲ့ (၁၂) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်း အစည်းအဝေးအပြီးမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း အစိုးရသစ်တရားဝင် မဖွဲ့စည်းနိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်းနဲ့ တိုင်းရင်းသားပါတီတွေအပါအဝင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ရွေးကောက်ပွဲအောင် မြင်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုတယ်လို့ ပြောသွားပါတယ်။ နန်းစံပယ်

A d v e r t i s e m e n t With Us

More News
Up