A d v e r t i s e m e n t With Us

ဟင်္သာတတွင် ကိုဗစ်-၁၉  လူနာ ၂ ဦး သေဆုံး 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ  နှစ်ယောက် နိုဝင်ဘာ ၂၆ ရက်က သေဆုံးသွားပြီး  အခုလို ပိုးတွေ့လူနာ သေဆုံးခဲ့တာဟာ ဟင်္သာတခရိုင် ဆေးရုံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့  ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးထံက သိရပါတယ်။ သေဆုံးသွားတဲ့သူ နှစ်ယောက်ကတော့  သူတို့ရဲ့ မူလရောဂါကို ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရင်း  ကိုဗစ်-၁၉  ရောဂါဆေးစစ်လိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ ပိုးတွေပြီး နောက်နေ့ မနက် ၃ နာရီမှာ အသက် ၃၃ နှစ် အရွယ်မျိုးသားတစ်ယောက်  အရင်သေဆုံး သွားပြီး မွန်းလွဲပိုင်းမှာတော့ အသက် ၄၅ နှစ်အရွယ် အမျိုးသာတစ်ယောက် ထပ်မံသေဆုံးခဲ့တာပါ။ ခုလက်ရှိ ဆေးရုံတက်ရောက်ကုသနေတဲ့  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် ကျန်ရှိနေတယ်လို့ ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါ်ဌေးဌေးလှိုင်က  ဒီဗွီဘီကို ပြောပါတယ်။ ဟင်္သာတမြို့ပေါ်မှာ လက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိစပ်ခဲ့သူတွေနဲ့ ရန်ကုန်က ပြန်လာသူတွေ အယောက် ၂၀၀ လောက်ကို ကွာရန်တင်းစင်တာ ၃ ခုမှာ ထားရှိပါတယ်။ ပြည်ပပြန်တွေကိုထားရှိတဲ့  နေရာ ၂ နေရာမှာတော့ လူဦးရေ ၂၀၀ ကျော်ရှိတဲ့အနက် ကွာရန်တင်းရက်စေ့လို့ထွက်သွားသူ ၆၈ ယောက်ရှိပြီး  လက်ရှိမှာတော့ ပြည်ပက ပြန်လာသူတွေ ၁၄၀ လောက်ကျန်ရှိ နေတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာညီညီလွင်က ပြောပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာတွေကိုလည်း ဟင်္သာတဆေးရုံနဲ့ သူနာပြုသင်တန်းကျောင်းတွေမှာ ခွဲထားကာ  ဆေးကုသမှုပေးနေတယ်လို့  ဆေးရုံအုပ်ကြီးထံက သိရပါတယ်။   Ko Kyat

A d v e r t i s e m e n t With Us

More News
Up