Homeမြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၃၃၀ ဦးတွင် ရန်ကုန်က ၇၈၈ ဦး၊ မန္တလေးတိုင်းက ၂၃၆ ဦးဖြင့် အများဆုံးပါဝင်
ကိုဗစ်လူနာသစ် ၁,၃၃၀ ဦးတွင် ရန်ကုန်က ၇၈၈ ဦး၊ မန္တလေးတိုင်းက ၂၃၆ ဦးဖြင့် အများဆုံးပါဝင်
DVB
·
November 26, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၃၀ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၇၈၈ ယောက်၊ မန္တလေးတိုင်းက ၂၃၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၈၉ ယောက်၊ မင်္ဂလာဒုံက ၆၇ ယောက်၊ ရွှေပြည်သာနဲ့ သန်လျင်က ၄၃ ယောက်စီ၊ အင်းစိန်က ၃၅ ယောက်၊ တာမွေနဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၃၂ ယောက် စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၅ ခုမှာ ၂၃၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၅ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ ခုမှာ ၈၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၈၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၄၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၉ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၈ ခုမှာ ၂၁ ယောက်၊ တနင်္သာရီ တိုင်းမြို့နယ် ၃ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ၂ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၈ ခုမှာ ၁၆ ယောက်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ၄ ယောက်၊ နေပြည်တော် မြို့နယ် ၄ ခုမှာ ၄ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၈၇ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၃,၅၆၆ ယောက်၊ သေဆုံးသူ ၁,၈၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၃,၃၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၆၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။