Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ဒေသန္တရအမိန့်များပယ်ဖျက်နိုင်ရေး အရပ်ဖက်အဖွဲ့စည်းများဆွေးနွေး
နော်နိုရင်း
·
November 26, 2020
ကယားပြည်နယ်အစိုးရထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို ပယ်ဖျက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိန်းကာကွယ်စောင့်ရှောက်ရေးကော်မတီတို့ နိုဝင်ဘာ ၂၅ ရက်နေ့က ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒေသန္တရအမိန့်နဲ့ပတ်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတာလို့ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါ တယ်။  “လက်ရှိအစိုးရ ဒုတိယသက်တမ်းမှာ ၂၀၁၇ မေလကတည်းကနေ စပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ်မှာ ဒေသန္တရအမိန့်နဲ့ ကန့်သတ်ထိန်းချုပ်လာတဲ့ အခက်အလက်တွေ၊ ၂၀၁၈ ဩဂုတ်လထဲမှာ ပိုမိုပြီးတော့မှ တင်းကြပ်သော တင်ပြရမယ့်အချက် ၁၀ အချက်အပြင် ၁၅ ရက်ကြိုတင်ပြီးတော့မှ ခွင့်ပြုမိန့်တောင်းခံရမယ်ဆိုတဲ့အချက်အလက်တွေသည် လက်ရှိတည်ဆဲဥပဒေတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၈ နိုင်ငံသားအခွင့်အရေး ပုဒ်မ ၃၅၄ နဲ့ဆန့်ကျင်နေတဲ့အခြေအနေတွေ ကျနော်တို့ အဓိက ဆွေနွေးကြပါတယ်။” ဒါ့အပြင် ဘာသာသနာအဆောက်အဦတွေမှာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ မပြုလုပ်ရတာ၊ ဟိုတယ်၊ မိုတယ် တည်းခိုခန်းခန်းမတွေကို သုံးစွဲမယ်ဆိုရင်လည်း ခန်းမပိုင်ရှင်တွေက အစိုးရ ခွင့်ပြုချက် ပါမှသာ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်ပြုတာ၊ စတဲ့ အခြေအနေတွေက လက်ရှိကာလ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအရ အရပ်ဖက်အဖွဲ့အစည်းအားကောင်းရမယ်ဆိုတာ တွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း  ဦးကျော်ထင်အောင်က ပြောပါတယ် ပြည်နယ်ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီးအခုလိုဆွေးနွေးပွဲပြုလုပ်ရတာဖြစ်ပြီး ရရှိလာတဲ့ ရလဒ်ကို လွှတ်တော် ဆီတင်သွင်းကာ လွှတ်တော်ကနေ ဆင့် အစိုးရကို အမိန့်တွေပယ်ဖျက်ပေးဖို့ တောင်းခံသွားမယ်လို့  ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းကာကွယ်စောင့်ရှောက်ရေး ကော်မီတီအတွင်းရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။  “ဒီလို ဒေသန္တရအမိန့်တွေကို ပယ်ဖျက်နိုင်မှသာလျှင် ကျနော်တို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို  အစိုးရမလုပ်နိုင်တဲ့ ကိစ္စတွေမှာ အရပ်ဖက် အဖွဲ့အစည်း တွေက လုပ်ပေးခြင်းအားဖြင့် ကျနော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီပွဲကို စီစဉ်ခြင်းပဲဖြစ်ပါတယ်။  ကျနော်တို့ ဒီကတွေ့ရှိချက်တွေ၊ တောင်းဆိုချက် ကိုကျနော်တို့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ရေးကော်မီတီအနေနဲ့ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပါမယ်။ လွှတ်တော် ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ကျနော်တို့ ဒီဟာကိုအစိုးရဆီကို ကျနော်တို့ပို့ပြီးတော့ ဆောင်ရွက်ပါမယ်။” အရပ်ဖက်အဖွဲ့အစည်းတွေဟာ  ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် အများကြီးသူတို့ဆောင်ရွက်ပေးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။  လက်ရှိအစိုးရက အရပ်ဖက်အဖွဲ့စည်းတွေကို ကန့်သတ်တဲ့ ဒေသန္တရအမိန့်တွေ ထုတ်ထားတဲ့အတွက် ဒီအဖွဲ့အစည်းတွေဟာ ပွဲတခုလုပ်ဖို့ ၁၅ ရက်ကြိုရမယ်ဆိုပေမယ့် ရုံးလုပ်ငန်းတွေလုပ်ဆောင်ရမှာ တစ်လလောက်ကြန့်ကြာတာတွေ၊ တခါတလေခွင့်ပြုချက်မရလို့ ဆောင်ရွက်လို့မရတော့တဲ့အနေ အထားကြုံတွေ့ခဲ့ရ ပါတယ်။  ဒါ့ကြောင့် လက်ရှိကျန်ရှိနေတဲ့ အစိုးရသက်တမ်းမှာ ဒီဒေသန္တရအမိန့်တွေ ပယ်ဖျက်ပေးနိုင်ဖို့ နဲ့ နောက်တက်လာမယ့်အစိုးရလက်ထဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆေင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဦးမြင့်မောင်က ပြောပါတယ်။  “ကျနော်တို့အခုချိန်ကတော့ အစိုးရသစ်လည်းဖွဲ့တော့မယ်၊ လွှတ်တော်အသစ်လည်း ကျင်းပ တော့မှာ ပေါ့နော်။ အဲတော့ဒီကာလမှာ ကျနော်တို့ဒီလိုကျင်းပခြင်းအားဖြင့် အစိုးရက ဒီလိုဒေသန္တရအမိန့်တွေထုတ်ပြီး ကန့်သန့်ချုပ်ချယ်တာကို ဒီအချိန်မှာ ပယ်ဖျက်ပေးမယ်ဆိုရင် ပြီးဆုံးသွားမယ့်အစိုးရအတွက်လည်း ကောင်းမယ်။ နောက်လွှတ်တော်၊ နောက်အစိုးရမှာလည်း ဒီကန့်သတ်ချက်တွေမရှိတော့အတွက် နောက်အစိုးရအတွက်လည်း cso တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်မယ် ဆိုတဲ့အနေအထားရအောင် ကျနော်တို့ဒီအကူးအပြောင်းကာလမှာ ကျနော်တို့ ဒါကို တောင်ရွက်ရေခြင်းဖြစ်တယ်။ ” ကယားပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ကေအန်ပီပီ တပ်သား ၃ ဦးနဲ့ အရပ်သား ၁ ဦး အသတ်ခံခဲ့ရပြီး နောက်ပိုင်း ပြည်နယ်အတွင်း လူထုဆန္ဒထုတ်ဖော်မှုတွေ ရှိလာခဲ့သလို ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်ပြီး လူထုတွေရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့တဲ့နောက်ပိုင်း လူထုတွေကို ထိန်းချုပ်နိုင်ဖို့ ကယားပြည်နယ်အစိုးရက ဒေသသရ အမိန့်တွေကို ထုတ်ပြန်ခဲ့တာပါ။    ဒါ့အပြင် ကယားပြည်နယ်အစိုးရကို အကြည်ညိုပျက်စေတဲ့ အပြုအမူ ပြောဆိုတာတွေ မလုပ်ဖို့ အပါအဝင် ကန့်သန့်ချက် ၁၀ ချက်နဲ့ ၂၀၂၀ ခု မေလ ၃ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအမိန့်ထုတ်ထားတာဟာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ချိုးဖောက်ရာရောက်တယ်လို့  လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024