Home
မြန်မာသတင်း
မဲရုံတာဝန်ကျ ဆရာမ ၂ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန် 
DVB
·
November 26, 2020
127184773_850601492359153_4229845538349834288_o
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံ‌တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက်ဟာ  ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ သိရပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)က အလယ်တန်းပြဆရာမ တစ်ယောက်နဲ့ ဗိုလ်တထောင်မြို့နယ်၊ အထက(၂)က အလယ်တန်းပြဆရာမ တစ်ယောက်တို့  ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဆရာမနှစ်ယောက်  တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး  ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က စုံစမ်းရယူထားတဲ့ စာရင်းတွေအရ နိုဝင်ဘာ ၂၆ ရက်‌အထိ ကို‌ဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ဆရာ/ဆရာမ ၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ သတင်း -လွင်မိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024