Home
မြန်မာသတင်း
တပ်မတော်နှင့်အေအေတို့ ကြားခံအဖွဲ့အစည်းများမှတဆင့် ဆွေးနွေးညှိနှိုင်းနေ
အောင်သူ
·
November 25, 2020
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့အကြား လက်ရှိဖြစ်ပွားနေတဲ့  စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးနိုင်ဖို့ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့က  ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နှစ်ဘက် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းနေတာမဟုတ်ဘဲ ကြားခံတဆင့် ဆွေးနွေးညှိနှိုင်းနေတာရှိတဲ့အကြောင်း၊ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ဒေသခံပြည်သူလူထုရော ပါဝင်တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေပါ ပဋိပက္ခဒဏ်ကို ခံစားခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိအချိန် ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၈ ရက်နေ့ကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တာမရှိတော့အတွက် တည်ငြိမ်မှုရလဒ်ကိုအားလုံးခံစားရတာဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲဒီကနေတဆင့် ယုံကြည်မှုတည်ဆောက်ပြီး အခုလို တဆင့်ခံဆွေးနွေးတာတွေ ကြားခံဆွေးနွေးတာတွေကိုအဆက်မပြတ်လုပ်ပြီး  သေနတ်သံတိတ်အောင်လုပ်ကာ နောက်ဆက်တွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခုထက်တိုးတက်လာဖို့ရှိတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။  ဘယ်အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တွေက ကြားဝင်ဆောင်ရွက်ပေးနေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။   ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့ ရက္ခိုင့်တပ်တော်( အေအေ)က ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ကြေညာထားပါတယ်။ အေအေအဖွဲ့ရဲ့ အဆိုပါ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024