A d v e r t i s e m e n t With Us

ဟောင်ကောင် နိုင်ငံရေးစနစ်ကို ထိန်းသိမ်းရန် အရေးကြီးဟု ကယ်ရီလမ် ပြော

ဟောင်ကောင်ရဲ့ နိုင်ငံရေးစနစ်ကို ပရမ်းပတာမဖြစ်အောင် ထိန်းသိမ်းဖို့က အရေးကြီး တာဝန်တရပ် ဖြစ်တယ်လို့ နိုဝင်ဘာ ၂၅ ရက် နှစ်စဉ်မူဝါဒ မိန့်ခွန်းအတွင်း ခေါင်းဆောင် ကယ်ရီလမ်က ထည့်သွင်းပြောဆိုပါတယ်။  လွှတ်တော်အမတ် ၄ ယောက် ပိတ်ပင်ခံရတာကို ဆန့်ကျင်ပြီး အတိုက်အခံအမတ်တွေ အုပ်စုလိုက် နုတ်ထွက်ပြီးနောက်မှာ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်ကအစိုးရ ထောက်ခံတဲ့ အမတ်တွေကို စတုတ္ထအကြိမ် မူဝါဒမိန့်ခွန်း ပြောပါတယ်။ တရုတ်ပြည်မကြီးထံ လွှဲပြောင်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ဟာ အဆိုးရွားဆုံး နိုင်ငံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ကယ်ရီလမ်က ဆိုပါတယ်။  ဒါ့အပြင် ဟောင်ကောင်အရေးကို နိုင်ငံခြားအစိုးရတွေ တိုးမြှင့်နှောင့်ယှက်နေတယ်လို့လည်း လမ်က ပြောပါတယ်။ ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံ ပြည်တွင်းရေးကိစ္စဖြစ်ပြီး နှောင့်ယှက်မှုတွေက နိုင်ငံ့လုံခြုံရေးကို ထိခိုက်စေတယ်လို့ လမ်က အလေးထား ပြောခဲ့ပါတယ်။ ပြည်သူ့ဝန်ထမ်း ကျမ်းသစ္စာအရည်အသွေး တိုးတက်စေဖို့ ဟောင်ကောင်အစိုးရက ဥပဒေကြမ်းတရပ် တင်သွင်းမှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအပေါ် ပိုမိုနားလည်စေဖို့ အများပြည်သူကို ကျယ်ကျယ်ပြန့်ပြန့်  ပညာပေးသွားမယ်လို့လည်း လမ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up