A d v e r t i s e m e n t With Us

ကိုဗစ်လူနာသစ် ၁,၇၃၁ ဦးတွင် ရန်ကုန်က  ၁၀၈၄ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရရှိသူ ၃၅၅ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၇၃၁ ယောက်ထဲမှာ ရန်ကုန်တိုင်း က  ၁,၀၈၄ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ အင်းစိန်က ၉၅ ယောက်၊ ရွှေပြည်သာက ၇၆ ယောက်၊ မင်္ဂလာဒုံက ၇၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၃ ခု ပါဝင်နေ တာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ ခုမှာ ၁၆၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၄၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ မှာ ၁၂၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ အယောက် ၇၀၊ မွန်ပြည်နယ်မြို့နယ် ၈ ခုမှာ ၈၅ ယောက်၊ မကွေးတိုင်းမြို့နယ်  ၁၅ ခုမှာ ၁၀၈ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ တနင်္သာရီ တိုင်းမြို့နယ် ၂ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၁ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၂ ခုမှာ   ၂ ယောက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၁ ယောက်၊ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအထိ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း  ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၀,၉၆၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၆၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၁ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up