DVB Logo
Home
မြန်မာသတင်း
စမ်းချောင်း Spirits ဆိုင်ဝန်ထမ်း ၁၀ ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိ၊ ကွာရန်တင်းဝင်နေရသူ ၁၅၀ ကျော်ရှိ
DVB
·
November 25, 2020
စမ်းချောင်း Spirits ဆိုင်ဝန်ထမ်း ၁၀ ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိ၊ ကွာရန်တင်းဝင်နေရသူ ၁၅၀ ကျော်ရှိ
Donate to DVB

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲက SPIRITS Fashion Accessories ဆိုင်ဝန်ထမ်း ၁၀ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကွာရန်တင်းဝင်နေရတဲ့ ဆက်စပ် ထိတွေ့သူတွေ၊ ဝန်ထမ်းတွေ အယောက် ၁၅၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ဆိုင်ဝန်ထမ်း အမျိုးသားတယောက်ဟာ အနံ့မရ တော့တာကြောင့် ကျန်တဲ့ ဝန်ထမ်းတွေကိုပါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မှာဖြစ်တဲ့အတွက် ဆိုင်ကို ‌ခေတ္တယာယီ ပိတ်ထားမှာ ဖြစ်ကြောင်း SPIRITS Fashion Accessories ဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော စစ်ဆေးချက်တွေအရ အနံ့မရရှိတဲ့ အဆိုပါ ဝန်ထမ်းအမျိုးသားမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီး သူနဲ့ထိတွေ့ခဲ့တဲ့ Primary Contact ၉ ယောက်မှာလည်း ရောဂါပိုးတွေ့ရှိရတယ်လို့ နိုဝင်ဘာ ၂၄ ရက် ရက်စွဲနဲ့ ထပ်မံထုတ်ပြန်ထားခဲ့တာပါ။

လက်ရှိမှာတော့ ဆိုင်ကို ပိတ်ထားဆဲဖြစ်ကာ ဆိုင်က ဝန်ထမ်းတွေအပါအဝင် Primary Contact  ၁၅၄ ယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့တည်းက ကွာရန်တင်းစင်တာတွေ ပို့ ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

လူစည်ကားရာ ဗားကရာလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ Spirits ဆိုင်ဟာ ဖက်ရှင်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အီလက်ထရွန်းနစ်နဲ့ အိမ်သုံးပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်း၊ အိတ်၊ ဖိနပ်စတဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချနေတဲ့ ဆိုင်အဖြစ် ရန်ကုန်မြို့နေသူ တွေကြား ထင်ရှားပါတယ်။

တကျော့ပြန်ကူးစက်မှုတွေမြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး အချိန် ၈ လကျော်ကာလအတွင်းမှာ ကူးစက်ခံရသူ စုစုပေါင်း ၆၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၆၀၀ ကျော် ရှိနေခဲ့တာပါ။

တနိုင်ငံလုံးမှာတော့ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း  ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၀,၉၆၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013