ကိုဗစ်လူနာသစ် ၁,၃၉၈ ဦးတွင် ရန်ကုန်က ၈၅၈ ဦး၊ မန္တလေးတိုင်းက ၁၉၆ ဦးဖြင့် အများဆုံးတွေ့

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၉၈ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၅၈ ယောက်၊ မန္တလေးတိုင်းက ၁၉၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံက ၉၅ ယောက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း )က ၇၇ ယောက်ဦ လှိုင်က ၆၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၀ ပါဝင်နေ တာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်   ၁၈ ခုမှာ ၁၉၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၄၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၂၀ မှာ ၁၇၈ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၈ ခုမှာ ၇၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၅ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုမှာ ၇ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ  ၁၁ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ  ၅ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၃၂ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ` မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစု ပေါင်း ၇၉,၂၄၆ ယောက်၊ သေဆုံးသူ  ၁,၇၃၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၈,၇၅၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၉ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၃၉ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၀ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up