ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ဂျိုရှုဝေါင် အပြစ်ရှိကြောင်း ဝန်ခံ

386
ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ဂျိုရှုဝေါင်ဟာ မနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ရဲဌာနချုပ်နားမှာ အခွင့်မရှိတဲ့ လူစုလူဝေးမှာ ပါဝင်မှုနဲ့ စီစဉ်မှုစွဲချက်တွေ အတွက် အပြစ်ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်က ဝန်ခံလိုက်ပါတယ်။
အဲဒီအချိန်က အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဂျိုရှုဝေါင်ဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ၂၀၁၄ ထီးလှုပ်ရှားမှု ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲရဲ့ မျက်နှာဖုံး ဖြစ်လာခဲ့တာပါ။
သူဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရရင် အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်ပါတယ်။
သူ့ကို ချက်ချင်း ဖမ်းချုပ်ထားရင် အံ့သြမှာ မဟုတ်ဘူးလို့ တရားရုံးထဲ မဝင်ခင်မှာ ဝေါင်က ပြောခဲ့ပါတယ်။
သူနဲ့ ကာလကြာရှည် လက်တွဲခဲ့တဲ့ တက်ကြွလှုပ်ရှားသူ အန်းနက်စ်ချောင်ဟာလည်း ၂၀၁၉ ဇွန်လ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးပါပြီ။
နောက်ထပ် ရဲဘော်ရဲဘက် အိုင်ဗန်လမ်ဟာလည်း မကြာခင် အပြစ်ရှိကြောင်း ဝန်ခံလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။