ဘာစီလိုနာ နောက်ခံလူပီကေး ဒဏ်ရာကြောင့် အနည်းဆုံး ၃ လ အနားယူရဖွယ်ရှိ
ဘာစီလိုနာအသင်း နောက်ခံလူ ဂျရတ် ပီကေးဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၃ လကနေ ၅ လအထိ အနားယူရဖွယ် ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ် စပိန်လက်ရွေးစင် နောက်ခံလူ ပီကေးဟာ နိုဝင်ဘာ ၂၁ ရက်နေ့က အက်သလက်တီကို မက်ဒရစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဆာဂျီရိုဘာတိုလည်း ဒဏ်ရာကြောင့် ၂ လလောက် အနားယူရနေတဲ့အချိန်မှာ ပီကေး ဒဏ်ရာရခဲ့တာပါ။
အခုရှုံးပွဲဟာ ဘာစီလိုနာအတွက် ၃ ပွဲမြောက်ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ လောလောဆယ် ဘာစီလိုနာဟာ ကစားပြီးတဲ့ ၈ ပွဲမှာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။