A d v e r t i s e m e n t With Us

ဂန့်ဂေါ်မြို့ အရှေ့မြောက်ဘက်တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်

မကွေးတိုင်း ဂန့်ဂေါ်မြို့ အရှေ့မြောက်ဘက်မှာ ဒီနေ့မနက် အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၅၈) မိနစ်၊ (၂၃) စက္ကန့် အချိန်က ဂန့်ဂေါ်မြို့ရဲ့ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၂၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၇ ဒီဂရီ၊ အနက် ၆၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up