မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၆ ဦး ထပ်မံတွေ့ရှိ
DVB
·
November 22, 2020
မကွေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ လူနာသစ် ၄၆ ဦး ထပ်မံတွေ့ရှိတယ်လို့ မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာတွေကတော့ ချောက်မြို့နယ်က ၉ ဦး၊ စလင်း ၈ ဦး၊ မြိုင်က ၇ ဦး၊ ရေနံချောင်းနဲ့ မင်းဘူးက ၆ ဦးစီ၊ နတ်မောက် ၄ ဦး၊ ကံ၊ အောင်လံ၊ မကွေး၊ ရေစကြို၊ ဂန့်ဂေါနဲ့ တောင်တွင်းကြီးက ၁ ဦးစီတို့ဖြစ်ပါတယ်။
ပိုးတွေ့လူနာတွေအနက် အောင်လံi ၁ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတာကြောင့် အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။
မကွေး ၁ ဦး၊ မင်းဘူး ၁ ဦးနဲ့ ရေစကြိုက ၁ ဦးတို့ကတော့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့က ပြန်လာသူတွေဖြစ်ကာ Quarantine ဝင်နေသူတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၅၉ ဦး ရှိပြီလို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။