ပြည်ဆေးရုံကြီးတွင် ငါးထပ်လူနာဆောင်တခု တိုးချဲ့တည်ဆောက်မည်
DVB
·
November 22, 2020
ပဲခူးတိုင်းက ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှာ လူနာများလာတဲ့အတွက် ဖျားနာဆောင် ကျပ်လာတာကြောင့် ငါးထပ်လူနာဆောင်တခု တိုးချဲ့တည်ဆောက်တော့မယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။
ဒီဆေးရုံမှာ ပဲခူးတိုင်းတခုတည်းမဟုတ်ဘဲ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့က လာရောက်ကုသသူတွေကို ဖျားနာဆောင်မှာ အဓိကကုသပေးနေတာလည်း ဖြစ်ပါတယ်။
အခုဆောက်မယ့် ဆေးရုံမှာ အဆင့်မြင့်ခွဲစိတ်ခန်းတွေ၊ ဖျားနာဆောင်နဲ့ ပြင်ပလူနာဌာနတွေကို ထားရှိမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ လောက်ကတည်းက နိုင်ငံတော်ကို တင်ပြထားတာဖြစ်ပြီး နိုင်ငံတော်က ကျပ်သိန်းပေါင်း ၄၀၀၀၀ လောက်အကုန်ကျခပြီး လာမယ့် ဒီဇင်ဘာလထဲမှာ စတင်ဆောက်လုပ်မှာလို့ ပြည်ကုတင် ၅၀၀ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
မင်းညို