သပိတ်ကျင်းမြို့နယ်တွင် ၂ ရက်ဆက် မြေငလျင်လှုပ်
DVB
·
November 22, 2020
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရဲ့ အရှေ့တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသ ၆ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၆ နာရီ၊ ၄၅ မိနစ်၊ ၂၆ စက္ကန့်အချိန်က သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ၃၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၅၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ ၁၄ နာရီ၊ ၁၅ မိနစ်၊ ၃၅ စက္ကန့် အချိန်ကလည်း သပိတ်ကျင်းမြို့နယ်ရဲ့ မြောက်-အရှေ့မြောက်ဘက်မှာ အင်အား ၃.၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။