A d v e r t i s e m e n t With Us

အမေရိကန် ရှော့ပင်းမောလ်တခုတွင် ပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ ဝီလ်ကွန်ဆင်ပြည်နယ်၊ မီလ်ဝေါကီးမြို့  ရှော့ပင်းမောလ်တခုအတွင်း နိုဝင်ဘာ ၂၀ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။   မေစီကုန်တိုက်အပြင်ဘက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ဆယ်ကျော်သက် ၁ ယောက်အပါအဝင် လူ ၈ ယောက်ကို ဆေးရုံပို့ခဲ့ရပြီး ဒဏ်ရာအခြေအနေကို မသိရသေးပါဘူး။  အရေးပေါ်ဝန်ထမ်းတွေ ရောက်လာချိန်မှာ သံသယရှိသူ သေနတ်သမားက   ထွက်ပြေးသွားခဲ့ပြီး အခုထိ လွတ်မြောက်နေပါတယ်။  သေနတ်သမားဟာ အသက် ၂၀၊ ၃၀ အရွယ် လူဖြူ တစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up