DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story စစ်ရေး စီးပွားရေး နည်းပညာ ပညာရေး လူမှုရေး သတင်း

စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်အတွက် အွန်လိုင်းက လက်တွေ့ပညာပေးမည်ဟု အတိုင်ပင်ခံပြော

Photo-Myanmar State Counsellor Office
  • By DVB
  • 21 November 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အွန်လိုင်းကနေ စီးပွားရေးနဲ့ ပညာရေး၊ အလုပ်အကိုင်အတွက် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီရက်ပိုင်းမှာပဲ လက်တွေ့ပညာပေးမှာဖြစ်ပြီး စီမံကိန်းချလုပ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ကိုဗစ်အခြေအနေအကြောင်း ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ပြည်သူတွေ အိမ်ထဲမှာနေတဲ့အခါ မငြီးငွေ့ မပျင်းရိအောင်နဲ့ အကျိုးရှိအောင် အစီအစဉ်တွေ ချနေတာလို့ ဆိုပါတယ်။

နောက်အပတ်ကနေစပြီး အင်္ဂါနေ့တိုင်းမှာ ရုပ်မြင်သံကြားကနေ ပုံမှန်ကျန်းမာရေး အမေးအဖြေ အစီအစဉ်တွေ လုပ်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အွန်လိုင်းနည်းပညာတွေ သုံးပြီး၊ ခေတ်မီ နည်းပညာတွေ သုံးပြီး စီးပွားရေးဘက်မှာ၊ ပညာရေးဘက်မှာ ချိတ်ဆက်ပြီးတော့ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ ပညာပေးအစီအစဉ်တွေ လုပ်မယ်လို့ ပြောပါတယ်။

“ကြာသပတေးနေ့ကျရင် ဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ပုံစံနဲ့ ပြပါမယ်။ ဥပမာအားဖြင့် တောင်သူလယ်သမားတယောက်က သူ့မှာရှိနေတဲ့ ရွှေဖရုံသီးတွေ ရောင်းချင်တယ်ဆိုရင် ရွှေဖရုံသီးရောင်းနိုင်တယ်ဆိုတာကို သိအောင်လို့ အွန်လိုင်းကနေပြီး အသိပေးလိုက်ရင် ရွှေဖရုံသီးဝယ်ချင်တဲ့မြို့က စားသောက်ဆိုင်ကပဲဖြစ်ဖြစ်၊ အသီးအနှံရောင်းတဲ့ ဆိုင်ကပဲဖြစ်ဖြစ်  ချိတ်ဆက်ပြီး   စီးပွားရေးလုပ်ငန်း ဖြစ်အောင်လုပ်နိုင်တာကို ပြောတာပါ။ ဒီဟာတွေက အလုပ်နဲ့ ပတ်သက်လို့လည်း လုပ်လို့ရတယ်။ ဥပမာ လုပ်ငန်းရှင်တယောက်က  ဘယ်လိုအရည်အချင်းနဲ့ ကိုက်ညီတဲ့  ဝန်ထမ်းတယောက်လိုချင်တယ်ဆိုရင် အဲဒါကို အွန်လိုင်းမှာတင်လိုက်လို့ရှိရင် အဲဒီ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ပြည်သူတဦးက လုပ်ငန်းရှင်နဲ့ချိတ်ဆက်ပြီး အလုပ်ကို ရအောင်လို့ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာတွေကို လုပ်ပြမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း နားလည်ပြီး လုပ်တတ်သွားမယ်လို့ ယူဆပါတယ်။”

ဗုဒ္ဓဟူးနေ့မှာ သီအိုရီအရ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို ပြောပြီးတော့ ကြာသပတေးနေ့မှာတော့ ရွေးချယ်ထားတဲ့    ဝယ်လိုအားရှိတဲ့သူ  တယောက်နဲ့ ရောင်းလိုအား ရှိတဲ့သူတယောက်  ချိတ်ဆက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ခန်းစာအဖြစ် သိသွားအောင်လို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။

နောက်ပိုင်းကျရင်တော့ ဒါတွေကို ပိုပြီး တိုးချဲ့ပေးမယ်လို့လည်းဆိုပြီး ကိုဗစ်အလွန်ကာလမှာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ဒီဟာတွေကို အားပေးဖို့လိုတယ်လို့ ပြောပါတယ်။

ပြည်သူတွေရဲ့ အရည်အချင်းတွေ၊ နည်းပညာ အရည်အချင်းတွေ မြှင့်တင်ပေးဖို့လိုပြီး အစိုးရနဲ့ ပြည်သူတွေကြား ချိတ်ဆက်တာမှာ၊ အစိုးရဌာနတွေနဲ့ ပြည်သူတွေအကြား ချိတ်ဆက်တာ မျိုးတွေလည်း ပိုမိုပြီးတော့ လုပ်လာမယ်လို့ ပြောပါတယ်။

Tags: စီးပွားရေပညာပေးမည်အတိုင်ပင်ခံအွန်လိုင်း

  • Previous story ဝမ်းတွင်းတွင် ရန်ကုန်ကပြန်ကြွလာသည့် သံဃာ ၂ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
  • Next story မက်ဆီအနာဂတ်ကို ကစားသမားကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု နည်းပြ ကိုးမန်းပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

    • gallery

      တပ်မတော်ကို အရေးယူရန် ရခိုင်စစ်ဘေးရှောင်များ ဆန္ဒပြတောင်းဆို (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့တွင် BYMA ဆောက်လုပ်ရေး အလုပ်သမား ရာနှင့်ချီ ဆန္ဒပြ (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 တောင်သာတွင် ကလေး ၂ ဦးအပါအဝင် ကိုဗစ်လူနာ ၃၇ ဦး ထပ်မံတွေ့ရှိ
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 တောင်သာတွင် ကလေး ၂ ဦးအပါအဝင် ကိုဗစ်လူနာ ၃၇ ဦး ထပ်မံတွေ့ရှိ
    • 02 ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အသေအပျောက်များနိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး
    • 03 ထရမ့်၏လူဝင်မှု မူဝါဒအား ပြောင်းလဲမည့် ဂျိုးဘိုင်ဒင်ကို မက္ကဆီကို ထောက်ခံ
    • 04 စိုက်ပျိုးရေးနှင့်ရေထွက်ကုန်တင်ပို့ပြီး ဒေသတွင်း စားရိက္ခာဖူလုံရန် အထောက်အကူပြုနိုင်မည်ဟု ဝန်ကြီးပြော
    • 05 ချောက်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ များလာ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.