ဝမ်းတွင်းတွင် ရန်ကုန်ကပြန်ကြွလာသည့် သံဃာ ၂ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဓာတ်ပုံ-မောင်မောင်လင်း
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ရန်ကုန်ကပြန်ကြွလာတဲ့ သံဃာ ၂ ပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ နိုဝင်ဘာလ ၂၁ ရက်က အခြားတိုင်းဒေသကြီးက ပြန်လာကြသူ ၈ ဦးနဲ့ သံဃာ ၆ ပါးအား RDT test kit နဲ့ ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးရာ သံဃာ ၂ ပါးမှာ ပိုးတွေ့ရှိခဲ့တာပါ။ ဝမ်းတွင်းမြို့နယ် ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ထားထားက "ဟုတ်ပါတယ်၊ ရန်ကုန်က ပြန်ကြွလာကြတာပါ။ အောင်သာရွာက သံဃာ ၁ ပါး၊ ကုက္ကိုခါးလှရွာက သံဃာ ၁ ပါး ပါ။ သံဃာ ၂ ပါးအပါအအဝင် ဆေးရုံမှာ ပိုးတွေ့လူနာ ၄ ဦးရှိပါတယ်။ ၂၄ ဦးကတော့ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းလို့ ဆေးရုံးက ဆင်းသွားပါပြီ" လို့ ပြောပါတယ်။    အောင်သာ (မြောက်) ရွာက ဘုန်းတော်ကြီးကျောင်းက သံဃာ ၁ ပါးနဲ့ ကုက္ကိုခါးလှရွာဘုန်းတော်ကြီးကျောင်းက သံဃာ ၁ ပါးတို့ဟာ ရန်ကုန်မြောက်ဥက္ကလာပရှိ ဘုန်းတော်ကြီးကျောင်းစာသင်တိုက် ၁ ခုက ပြန်ကြွလာကြတာပါ။ ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ဦးရှိပြီး ၂၄ ဦးကတော့ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံးက ဆင်းခွင့်ပြုခဲ့ပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ Quarantine စင်တာ ၉၀ ကျော်ရှိတဲ့အနက် ၄၀ ကျော်မှာ Quarantine ဝင်နေသူ ၈၀ ကျော်ရှိတယ်လို့ သိရပါတယ်။  မောင်မောင်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up